Events
ဧရာဝတီတိုင်းဒေသကြီးတွင် အလားအလာရှိသောထုတ်ကုန် (အုန်းသီး) တန်ဖိုးကွင်းဆက်တစ်လျှောက် အဆင့်မြှင့်တင်ထုတ်လုပ်ခြင်း စီမံကိန်း၏ စီမံကိန်းကြီးကြပ်မှုကော်မတီအစည်းအဝေးကျင်းပ
Updated At: 2023-08-30 17:04:16

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ အက်ခ်ကမက်-ကိုရီးယား ပူးပေါင်းဆောင် ရွက်မှုရန်ပုံငွေ (ACEMES–ROK Cooperation Fund) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော ဧရာဝတီတိုင်းဒေသကြီးတွင် အလားအလာရှိသော ထုတ်ကုန် (အုန်းသီး) တန်ဖိုးကွင်းဆက်တစ်လျှောက် အဆင့်မြှင့်တင်ထုတ်လုပ်ခြင်း စီမံကိန်း၏ စီမံကိန်းကြီးကြပ်မှုကော်မတီအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပ ခဲ့ပါသည်။ အစည်းအဝေးတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် စီမံကိန်းဆိုင်ရာ တာဝန်ရှိသူများ၊ စီမံကိန်းကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ စုစုပေါင်း (၂၀) ဦး တက်ရောက်ခဲ့ကြ ပါသည်။
အစည်းအဝေးတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါ်နော်မူတာကပေါက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းက စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် အစည်းအဝေး သို့တက်ရောက်လာကြသူများက စီမံကိန်းမှ ဆက်လက်ဆောင်ရွက်သွားမည့် တတိယအကြိမ် သင်တန်းဖွင့်လှစ်မည့်အစီအစဉ်၊ ပန်းတနော်မြို့နယ်နှင့် ဓနုဖြူမြို့နယ်များရှိ အုန်းချိုမွှေးခြံများတွင် စီမံကိန်းလုပ်ငန်းဆောင်ရွက်မှုတစ်ခုအနေဖြင့် အုန်းပင်များ စိုက်ပျိုးသွားမည့်အစီအစဉ်တို့အပေါ် အကြံပြုဆွေးနွေးခဲ့ကြပြီး၊ ဒေသနှင့် ကိုက်ညီသည့်အုန်းမျိုးများကို ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက် ရန်တို့ကိုဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါ်နော်မူတာကပေါက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးကို နံနက် ၁၁:၄၅ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ ကြောင်း သတင်းရရှိပါသည်။
More Events
MyanTrade eyes coffee export to Russia
Date: 28.7.2025
Myantrade discusses mango pulp exports to Russia
Date: 28-7-2025